Crypto ဘယ်လိုဝယ်မလဲ

Set Kyar Wa Lar
3 min readJul 3, 2021

--

Photo by Bermix Studio on Unsplash

မြန်မာနိုင်ငံမှာအခုလက်ရှိ Crypto ကို စိတ်ဝင်စားပီး Crypto ဝယ်ချင်တဲ့သူတွေ အတွက် မြန်မာနိုင်ငံကနေ Crypto ဘယ်လိုဝယ်မလဲဆိုတာကိုရေးသားသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ Crypto ဝယ်မယ်ဆိုရင် Binance ကအတော်လေးအဆင်ပြေပါတယ်။ တကယ်လို့အကောင့်မရှိသေးရင် Binance ကိုသွားပီးတော့ register အရင်ဆုံးလုပ်ပါ။ ဒီ Link ကိုသုံးပီး register လုပ်ရင် ကျွန်တော့်အတွက် refferal ရပါတယ်။

Binance KYC

Binance မှာ registert လုပ်ရင် KYC လုပ်ရပါတယ်။ ပထမ basic အဆင့်ကတော့ အထက်မှာပြထားတဲ့အတိုင်းဘဲ Personal Information တွေဖြည့်ရပါတယ်။ နောက်တဆင့်ကတော့ Government ID နဲ့ ဓာတ်ပုံ ဖြည့်ရပါတယ်။ ဒုတိယအဆင့် Intermediate အတွက်ဆိုရင်တော့ မြန်မာနိုင်ငံကဆိုရင် Passport လိုပါတယ်။ နောက်ဆုံး Advance အဆင့်ကတော့ ကိုယ်ဘယ်မှာနေလဲဆိုတာကိုပါဖြည့်ရတာပါ။ကျွန်တော်ကိုယ်ပိုင်ကတော့ Intermediate အဆင့်ထိဘဲဖြည့်ထားပါတယ်။ Account Register လုပ်ပီးသွားပီဆိုရင် Binance မှာ list ထားတဲ့ Crypto တွေကိုဝယ်လို့ရပါပီ။

Binance မှာ VISA/MASTER Card တွေနှင့်ဝယ်လို့ရပါတယ်။ ဒါပေမယ့် ကိုယ့်မှာ VISA/MASTER ကဒ်တွေမရှိဘူးဆိုရင် Binance ရဲ့ P2P လို့ခေါ်တဲ့ Peer-to-peer exchange ကနေဝယ်လို့ရပါတယ်။ VISA/MASTER ကဒ်ရှိတဲ့သူတော်တော်များများကဒီအဆင့်လောက်ဆိုအဆင်ပြေပီလို့ထင်ပါတယ်။

P2P ကနေဘယ်လိုဝယ်မလဲ။ ပထမဆုံး website ကနေဝယ်တဲ့နည်းအရင်ပြောမယ်… Binance website ကနေ https://p2p.binance.com/en ကိုသွား Fiat ကို MMK လို့ရွေးလိုက်ရင်အောက်ဖော်ပြပါအတိုင်းမြင်ရပါလိမ့်မယ်…

Binance P2P

အခုဆို USDT ဆိုတဲ့ cryptocurrency ကိုဝယ်မှဖြစ်ပါတယ်။ USDT က 1 USDT က 1 USD နဲ့ညီမျှပါတယ် (.001 point အနည်းငယ်ကွာခြားမှူရှိပါတယ်)။ အခုအထက်ဖော်ပြပါပုံမှာဆို 1 USDT က မြန်မာငွေ 1736 နဲ့ရောင်းတဲ့သူရှိသလို 1739 နဲ့ရောင်းတဲ့သူလည်းရှိပါတယ်။ အဲ့ဒီ့ထဲကမှအသင့်အတင့်ဆုံး rate ဖြစ်တဲ့သူစီကနေဝယ်ဖို့ Buy USDT ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ့မယ်။

In progress of buying USDT

ဒီမှာ Terms and conditions ကိုဖတ်ကြည့်မယ်ဆိုရင်သူက kbz ဘဲလက်ခံတယ်။ သူ့စီမှာ 322.24 USDT ရောင်းဖို့ရှိတယ်။ အဆင်ပြေတယ်ဆိုရင်ကိုယ်ဝယ်မယ့် amount ကိုထည့်ပီး Buy USDT ကိုနှိပ်လိုက်ပါ။ ရောင်းမယ့်သူ့စီပိုက်ဆံလွှဲလို့ရမယ့် KBZ Pay Number ကိုပိုက်ဆံလွှဲပီး လွှဲပီးကြောင်းပြောလိုက်ရင်ဟိုဘက်က Release လုပ်လိုက်တာနှင့် ကိုယ့်ဘက်မှာ USDT လက်ခံရရှိမှာဘဲဖြစ်ပါတယ်။

အဲ့ဒီ့ USDT ကနေမှာတဆင့်ကိုယ်ဝယ်ချင်တဲ့ Crypto ကိုဒီ URL ကနေတဆင့် Convert လုပ်နိုင်ပါပီ။

Mobile အတွက်ဆိုရင်တော့ပထမဆုံး App ကိုဖွင့်ပီးတော့ဘယ်ဘက်ထောင့်က icon ကိုနှိပ်မယ်။

နောက် Binance Lite ရဲ့ညာဘက်ထောင့်က toggle icon လေးကိုကလစ်နှိပ်မယ်။

App က refresh ဖြစ်ပီးတော့ View ပြောင်းသွားပါလိမ့်မယ်။

View ပြောင်းသွားပီဆို P2P Trading ကိုနှိပ်လိုက်ပါ။

နောက် Currency ကို MMK ပြောင်းပါ။ ကိုယ့်အတွက်အဆင်ပြေတဲ့ amount နဲ့ payment လက်ခံတဲ့သူတွေ့ရင် Buy ကိုနှိပ်လိုက်ပါ။

ကိုယ်ဝယ်မယ့် amount ထည့်ပီးတော့ရှေ့ဆက် process လုပ်လိုက်ရင်ရပါပီ။ အခုက USDT ဝယ်ထားတာဖြစ်လို့ USDT ကနေတခြား Crypto ပြောင်းမယ်ဆိုရင်

မြှားပြထားတဲ့ Trades ဆိုတာကိုနှိပ်မယ်။ နောက်ထပ်မြှားပြထားတဲ့ Convert ကိုနှိပ်မယ်ဆိုရင်အောက်ဖော်ပြပါ view ကိုမြင်ရမှာဖြစ်ပါတယ်။

Default ကတော့ BTC ကနေ ETH ကိုပြောင်းဖို့ပြထားတာဖြစ်ပါတယ်။ ကျနော်တို့က USDT ဝယ်ထားတာဆိုတော့ USDT ကိုရွေးပီးကိုယ်ပြောင်းချင်တဲ့ Crypto ကိုပြောင်းနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ဘယ်လိုဝယ်ရမလဲသိလောက်ပါပီ။ မသိတာမရှင်းတာရှိရင် comment ပေးပီးမေးနိုင်ပါတယ်။ တက်နိုင်သလောက်ပြန်ဖြေပေးသွားပါ့မယ်။

--

--

Set Kyar Wa Lar

Check https://setkyar.com for more blogs. You can buy me coffee if you find my articles are useful! https://www.buymeacoffee.com/setkyar