Crypto Mining စမ်းကြည့်မိသလောက်

Set Kyar Wa Lar
1 min readAug 9, 2021
Photo by Pierre Borthiry on Unsplash

ဒီနှစ်အစောပိုင်းမှာ Crypto ကိုစပီးတော့ စိတ်ဝင်စားလာတယ်။ YouTube မှာ crypto ဘယ်လိုအလုပ်လုပ်လဲ။ Crypto trading ဆိုတာဘာလဲအကုန်လျောက်ကြည့်ဖြစ်တယ်။ အဲ့ဒီ့ထဲကမှ mine လုပ်တာကိုစိတ်ဝင်စားတယ်။ အိမ်မှာက laptop ၂ လုံးလောက်အပိုရှိနေတာနဲ့ အဲ့ကောင်တွေနဲ့စမ်းဖြစ်တယ်။

အလွယ်ကူဆုံးကတော့ https://unmineable.com ။ အဲ့ကောင်ကို စစမ်းတယ်။ အားတက်သရော setup တွေဘာတွေသေချာလုပ်ပီးတော့ ဟုတ်ပီပေါ့။ တကယ့်တကယ်လည်း run လိုက်ရော တလလုံး run ထားမှ $2 လောက်ရမယ်တဲ့။ ဘယ်လိုမှအဆင်မပြေ။ ကိုယ့် laptop က spec ကအတော်နိမ့်နေတာကိုး။ Graphic Card ကောင်းကောင်းနှင့် mine ရင်တော့အဆင်ပြေနိုင်တယ်။ ဒါတောင်တနှစ်လောက်နေမှအရင်းရမှာ။ စျေးအတက်အကျနှင့် သိမ်းထားပီးမှရောင်းရင်တော့ပိုရပီး ပိုပီးမြန်မြန်စက်ဖိုးကျေနိုင်တယ်။ ကိုယ်ပိုင်တော့ဝယ်ပီးမစမ်းဖြစ်ဘူး။ YouTube မှာ အခြားသူတွေ explore လုပ်တာတွေလိုက်ကြည့်ဖြစ်တယ်။ ဟာဟုတ်လှချည်လားပေါ့။ ကိုယ်ပိုင် mine ဖို့တော့မကြိုးစားဖြစ်တော့။

Crypto Mining အကြောင်းကိုစိတ်ဝင်စားတာကို FB ကသိတယ်ထင်တယ်။ Myanmar Crypto Group တွေကို recommand ပေးတာနှင့် Join ဖြစ်တယ်။ Group တော်တော်များများမှာ refferal ရှာတဲ့သူတွေများတယ်။ Cryptotab browser ဆိုတာလည်းအတော်လေးတွေ့ရတယ်။ unmineable ကိုသေချာစမ်းကြည့်ပီးတော့တလလုံးမှ $2 လောက်ရမှာသေချာသိထားတော့ သူတို့ပြောတဲ့ Cryptotab ဆိုတာကိုရယ်မိတယ်။

Doge နည်းနည်းတခေတ်ထတော့ အဲ့ Groups တွေထဲကဘဲ Telegram bot ကနေ Doge ပေးတယ်ဆိုပီးတခါ refferal တွေတအားတက်လာပြန်ကော။ ကျနော်လည်းမနေနိုင်တာနဲ့ သွားစမ်းကြည့်လိုက်တယ်။ တကယ်ပေးတယ် မြန်မာငွေ ၁၀ ပြားလောက်ဘဲတန်တဲ့…

--

--