Set Kyar Wa Lar
2 min readSep 1, 2019

--

မြန်မာယူနီကုဒ်ကို Apple Computer တွင်ထည့်သွင်းအသုံးပြုနည်း

အထွေအထူးတော့မဟုတ်ပါဘူး Setup file လေး download ဆွဲ… ဟိုနှိပ်ဒီနှိပ်ပါဘဲ…။ ဒါပေမယ့် setup လုပ်တိုင်း setup file လိုက်ရှာလိုက်… keyboard switch ဘယ်လိုလုပ်ရလဲလိုက်ရှာလိုက်နဲ့ နည်းနည်းအာရုံနောက်လာလို့ စာရေးထားရင်ကောင်းမယ်ဆိုပြီးရေးထားလိုက်တာပါ။

Myanmar Unicode ကို Apple Computer မှာသုံးမယ်ဆိုရင်ကျွန်တော်က Apple4MM Unicode ဆိုတဲ့ Myanmar Unicode Keyboard ကိုအသုံးပြုပါတယ်။ Apple4MM Zip Setup file ကို ဒီမှာ download လုပ်ပါ။

ပုံမှာပြထားတဲ့အတိုင်း File တွေကိုရွှေ့လိုက်ပါ…

Download လုပ် zip ဖြေပြီး Keyboard Layouts ထဲကို files တွေရွှေ့လိုက်ပါ

ပြီးသွားရင် Setting ထဲက keyboard -> Input source ကိုသွားပြီးတော့ဘယ်ဘက်ခြမ်းကအပေါင်းလေးကိုနှိပ်လိုက်ပါ… English ရဲ့အောက်က Others ဆိုတာကိုရွေးပြီးတော့ Apple4MM Unicode ကို choose လုပ်ပြီး add လိုက်ပါ။ ဒါဆို menu bar မှာ US ရယ် Apple4MM Unicode ဆိုတဲ့ keyboard layout တွေကိုတွေ့ရပါလိမ့်မယ်။ English က Myanmr က English ကို switch လုပ်မယ်ဆိုရင် Shift + Control + Space နှင့်ပြောင်းနိုင်ပါပြီ။

အောက်မှာပုံနှင့်တကွကြည့်နိုင်ပါတယ်…

Go to setting and choose Keyboard
Input Sources ကိုရွေးပြီးတော့ ဘယ်ဘက်ထောင့်က Add Button လေးကို click နှိပ်လိုက်ပါ
Others ကိုရွေးပြီးတော့ Apple4MM Unicode ကိုရွေးပါပြီးရင်ညာဘက်ထောက်က Add button ကိုနှိပ်လိုက်ပါ
နောက်ဆုံးတော့သင့် menu bar မှာ Apple4MM Unicode ပေါ်လာပါပြီ… Keyboard switch လုပ်မယ်ဆိုရင် Shift + Control + Space နှင့်ပြောင်းနိုင်ပါပြီ။

--

--