ကျနော် Crypto Trading ကိုစပီး explore လုပ်တာလပိုင်းဘဲရှိပါသေးတယ်။ ဒီလပိုင်းအတွင်းမှာဘဲ ကျနော်ကြုံရတဲ့အတွေ့အကြုံတွေကို ကျနော့်အတွက်အမှတ်တရနှင့် နောက်အခုမှစတဲ့သူတွေအတွက်ကျနော်ကြုံခဲ့ရတဲ့အခက်အခဲတွေ မကြုံရလေအောင် ရေးမှတ်ထားခြင်းဘဲဖြစ်ပါတယ်။
Crypto စ Explore လုပ်ကာစက ဘာမှန်းညာမှန်းမသိ။ ဘယ်လိုဝယ်ရမှန်းတောင် မသိပါဘူး။ Study လုပ်ရင်းဟိုလူမေးဒီလူမေးနှင့်မှ ဘယ်လိုဝယ်ရမလဲ သိလာတာပါ။ နောက်တော့ကိုယ်တိုင် ဘယ်လိုဝယ်ရမလဲဆိုတဲ့ Guide လိုမျိုးလေးတောင်စာရေးထားဖြစ်ပါသေးတယ်။
ဘယ်လိုဝယ်ရမလဲမသိသေးတာကနေ စသိလာတော့လက်ထဲပိုက်ဆံလေးကလည်းရှိလာတော့ မနေနိုင်မထိုင်နိုင်နှင့်ဟို Coin လေးဝယ်ရင်ကောင်းမလား ဒီ Coin လေးဝယ်ရင်ကောင်းမလားစလာတော့တာပါဘဲ။ တကယ်တမ်းတော့ ဝယ်ဖို့ထက် ဒါတွေဘယ်လိုအလုပ်လုပ်လဲဆိုတာကိုအရင်သိအောင်လေ့လာရမှာ။ ဒီ Crypto တွေဘယ်လိုအလုပ်လုပ်လဲသိပီးပီဆိုရင် ကိုယ်က Trade လုပ်မှာဖြစ်တဲ့အတွက် ဒီ Coin Market ကဘယ်လိုအလုပ်လဲဆိုတာကိုလေ့လာရမှာ။ အဲ့လိုအဆင့်တွေပီးပီဆိုမှ စပီးဝယ်ဖို့လုပ်သင့်တာ။…